Wednesday, February 20, 2008

ဒိုင်ယာရီထဲမှ အလွမ်းတချို့


April ....
၁. မသိမသာ အတွေးထဲမှာ သိသိသာသာ အလွမ်းတွေ ဖြတ်စီးသွားတယ် ကောင်လေးရယ် ငါနင့်ကိုလွမ်းတယ်
May....
၂. မသွားနဲ့လို့မတားခဲ့မိတာ ငါမှားသွားလားကွာ တားလည်းမရဘူးဆိုတာ ငါသိထားလို့ပါ တကယ်လို့များ နောက်တခါပြောခွင့်ရှိရင်လေ ....
၃. မိုးရွာထဲ ငါတစ်ယောက်တည်း လျှောက်နေမိတယ် ငါတို့အတူဆောင်းဖူးတဲ့ ဒီထီးဟာ မိုးဖွဲလေးကိုတောင် မကာကွယ်နိုင်ဘူးဆိုတာ တစ်ယောက်တည်း ဆောင်းမှ သိလိုက်ရတယ် ...

June ....
၎. အချစ်ကမှားခဲ့တာလား အမှားကိုချစ်ခဲ့တာလား အချိန်ကာလက ငါ့ကိုကျီစားနေတယ် ... နင်ကိုတော့တွေ့လိုက်မတွေ့လိုက်ပါပဲ ငါ့ရင်ထဲမတော့ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ..
၅. နင့်ကိုမြင်တိုင်း ရှောင်မထွက်သွားချင်တာ ငါရူးနေလို့လား အရင်စမထွက်သွားချင်လို့ နောက်ဆုံးတော့ထားခဲ့တာ ခံလိုက်ရတယ် ဒါလဲမမှတ်သေးဘူးဘဲ ..
၆. နင်ပြောသလိုပဲ ငါက ကလေးပါ နင်နဲ့ပတ်သတ်ရင် တစ်ခါတစ်လေ ငါကလေးဆန်ပါတယ် .. ဘယ်တော့မှ အမှတ်မရှိဘူး
၇. အိပ်မရတဲ့ညတွေများပြီ ... အိပ်မက်ထဲမှာ လှပတာတွေမက်ပြီး မက်မောမိမှာငါကြောက်တယ် ... အိပ်မက်ထဲမှာ ဆိုးဝါးတာတွေမက်ပြီး လန့်နိုးမှာလဲ ငါကြောက်တယ်
၈. အိပ်ရင်အိပ်မက်မက်ရမှာကြောက်တယ် ကောင်လေးရယ် .. အိပ်မက်တိုင်းမှာနင်ပါနေတယ် မပြီးနိုင်တဲ့အိပ်မက်တွေကို ထပ်တလဲလဲ မက်ပြီး .. မသိတော့တဲ့နင့်ကိုထပ်တလဲလဲဆုံးရှုံးနေမိတယ် ... ငါရူးတယ်

JULY
၉. ကောင်လေး နင့်ကိုငါ အိပ်မက်တိုင်းမှာထည့်မမက်မိတော့ပါဘူး .. နိုးနေတဲ့အချိန်တွေရဲ့စက္ကန့်တိုင်းမှာ လွမ်းနေတဲ့ရောဂါလဲမရှိတော့ပါဘူးလို့ ကိုယ့်ကိုကိုယ်လိမ်တယ် .. ဒါပေမဲ့ ပတ်သတ်မှုရှိတိုင်း သတိရနေမိတုန်းပဲ ဝေဒနာတွေပေါ်မလာအောင် ငါ့စိတ်ကိုအလုပ်တွေပေးထားတယ်
၁၀. ကောင်လေးရေ ငါတို့ရဲ့အမှတ်တရနေ့လေး ရောက်ပြန်ပြီလေ ငါလဲအလုပ်များသလို ဟန်ဆောင်နေမိပါရဲ့ ဒါပေမဲ့ငါသိတယ် ငါ့ကိုယ်ငါလိမ်နေတယ် .. လိမ်ရမှာပေါ့ကွယ် နင့်အတွက်ခံစားနေရလဲ နင်ကဂရုမှမစိုက်တော့ပဲ .. ငါကိုယ့်ကိုယ်ကို သနားရမယ် .. ငါသိပ်အားနည်းနေပြီ
၁၁. နင့်ကို ကောင်မလေးတွေနဲ့တွေ့လိုက်ပါတယ် ငါ့ရင်ထဲ အဆိပ်တက်သွားတယ် နင်ငါ့ကိုတကယ့်ကိုမေ့လိုက်ပြီပဲ .. ငါ့မှာဒီဝေဒနာကိုခံစားခွင့်မရှိပါဘူး။ သိနေရက်နဲ့ ငါဓါတ်ပျက်သွားတယ် ကမ္ဘာလောကနဲ့ဝေးဝေးကိုပြေးသွားချင်တယ်။ .. တာဝန်ကဖိစီးလို့ အများအမြင်မှာသိပ်ရွှင်နေသလို ငါဆက်ကနေတယ် ရင်ထဲမှာ မိုးကိုသည်းရော
၁၂. ငါသိပ်စိတ်ညစ်နေတယ် .. လောကကြီးကိုစိတ်ကုန်မိသလိုပဲ .. suicide မလုပ်မိတာ ကိုယ့်ကိုယ်ကိုကျေးဇူးတင်မိတယ် .. လူတွေအားလုံးငါ့ကို သိပ်စိတ်ပျက်စေတယ် .. ငါတစ်ညလုံးမအိပ်ဘဲငိုလိုက်မိတယ်
၁၃. ငါတစ်ယောက်ယောက်ကိုလိုအပ်နေပါတယ် အဖြစ်အပျက်တွေကို အန်ထုတ်စရာ ရင်ခွင်ဘေစင် တစ်ခုတစ်လေမှတောင် ရှာမတွေ့ခဲ့ဘူး .. ဟိုတစ်ချိန်ကရှိခဲ့ဘူးတဲ့ နင့်ကိုသိပ်သတိရသွားတာပဲ အဖတ်တင်လိုက်တယ် ...သိပ်လွမ်းတယ်

AUGUST
၁၄. ငါစိတ်ဓါတ်မကျအောင်လို့ နင့်ကိုပဲအပြစ်တွေစွတ်တင်ပြီး အမုန်းတွေကိုဖန်တီးခဲ့တယ် ... ငါသတိမထားမိလိုက်တာတစ်ခုက ငါ့ရင်ထဲမှာနင့်အတွက်ဆိုရင် အချစ်တွေပဲရှိတယ်ဆိုတာပဲ အဲဒီတော့ငါဘာပဲလုပ်လုပ် အကုန်အချစ်တွေပဲဖြစ်သွားတယ် .. ကောင်လေး နင်သိပ်ဆိုးတယ
်၁၅. လူအများကြီးကြားထဲမှာဆို ငါသိပ်ကိုစိတ်ညစ်တာပဲ တစ်ကယ်တမ်းမှာငါတစ်ယောက်ထဲဆိုတာ သိသိသာသာကို မြင်နေရလို့ .. ရင်ထဲက အထီးကျန်ရောဂါ နဲနဲပိုဆိုးသွားတယ် ခက်တာက ရောဂါထိန်းဖို့ဆေးမရှိ
၁၆. နွေနွေ ဒီနွေကိုမုန်းတယ် ကျောင်းပိတ်ရက်တွေကိုမုန်းပါတယ် ..

ချစ်သူရေ ... နင် ထားခဲ့တဲ့ နွေမှာ အလွမ်းမိုးတွေ အပြည့်ရွာနေတယ် ....ငါနွေကို မုန်းတယ် ....

No comments: